အင်္ဂုတ္တရနိကာယ်
(၁၄) ၄-ပုဂ္ဂလဝဂ်
၂-ပဋိဘာနသုတ်
၁၃၂။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုး တို့နည်းဟူမူ— အသင့်ကိုသာ ဖြေဆိုတတ်၍ လျင်စွာ မဖြေဆိုတတ်သော ပုဂ္ဂိုလ်၊ လျင်စွာသာ ဖြေဆို တတ်၍ အသင့်ကို မဖြေဆိုတတ်သော ပုဂ္ဂိုလ်၊ လျင်စွာလည်း ဖြေဆိုတတ် အသင့်လည်း ဖြေဆိုတတ်သော ပုဂ္ဂိုလ်၊ အသင့်လည်း မဖြေဆိုတတ် လျင်စွာလည်း မဖြေဆိုတတ်သော ပုဂ္ဂိုလ်တို့တည်း။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။