အင်္ဂုတ္တရနိကာယ်
(၂၇) ၇-ကမ္မပထဝဂ်
၈-အဘိဇ္ဈာလုသုတ်
၂၇၁။ မိမိကိုယ်တိုင်လည်း မက်မောခြင်း ‘အဘိဇ္ဈာ’ များ၏၊ သူတစ်ပါးကိုလည်း မက်မောခြင်း ‘အဘိဇ္ဈာ’၌ ဆောက်တည်စေ၏၊ မက်မောခြင်း ‘အဘိဇ္ဈာ’ ၌ နှစ်သက်သဘောတူ၏၊ မက်မောခြင်း့’အဘိဇ္ဈာ’၏ ကျေးဇူးကို ပြောဆို၏။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့်။ပ။
မိမိကိုယ်တိုင်လည်း မက်မောခြင်း ‘အဘိဇ္ဈာ’ မများ၊ သူတစ်ပါးကိုလည်း မမက်မောခြင်း ‘အနဘိဇ္ဈာ’၌ ဆောက်တည်စေ၏၊ မမက်မောခြင်း ‘အနဘိဇ္ဈာ’၌ နှစ်သက်သဘောတူ၏၊ မမက်မောခြင်း ‘အနဘိဇ္ဈာ’၏ ကျေးဇူးကို ပြောဆို၏။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့်။ပ။
အဋ္ဌမသုတ်။