အင်္ဂုတ္တရနိကာယ်
(၂၇) ၇-ကမ္မပထဝဂ်
၇-သမ ္ဖ ပ္ပလာပသုတ်
၂၇ဝ။ မိမိကိုယ်တိုင်လည်း ပြိန်ဖျင်းသော စကားကို ပြောဆို၏၊ သူတစ်ပါးကိုလည်း ပြိန်ဖျင်းသော စကားကို ဆိုခြင်း၌ ဆောက်တည်စေ၏၊ ပြိန်ဖျင်းသော စကားကို ဆိုခြင်း၌ နှစ်သက် သဘောတူ၏၊ ပြိန်ဖျင်းသော စကားကို ဆိုခြင်း၏ ကျေးဇူးကို ပြောဆို၏။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့်။ပ။
မိမိကိုယ်တိုင်လည်း ပြိန်ဖျင်းသော စကားကို ဆိုခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်း ပြိန်ဖျင်းသော စကားကို ဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၏၊ ပြိန်ဖျင်းသော စကားကို ဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၌ နှစ်သက် သဘောတူ၏၊ ပြိန်ဖျင်းသော စကားကို ဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၏ ကျေးဇူးကို ပြောဆို၏။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့်။ပ။
သတ္တမသုတ်။