အင်္ဂုတ္တရနိကာယ်
(၂၇) ၇-ကမ္မပထဝဂ်
၁ဝ-မိစ္ဆာဒိဋ္ဌိသုတ်
၂၇၃။ မိမိကိုယ်တိုင်လည်း မှားသော အယူရှိ၏၊ သူတစ်ပါးကိုလည်း မှားသော အယူ၌ ဆောက် တည်စေ၏၊ မှားသော အယူ၌ နှစ်သက် သဘောတူ၏၊ မှားသော အယူ၏ ကျေးဇူးကို ပြောဆို၏။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့်။ပ။
မိမိကိုယ်တိုင်လည်း မှန်သော အယူရှိ၏၊ သူတစ်ပါးကိုလည်း မှန်သော အယူ၌ ဆောက်တည်စေ၏၊ မှန်သော အယူ၌ နှစ်သက် သဘောတူ၏၊ မှန်သော အယူ၏ ကျေးဇူးကို ပြောဆို၏။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ နတ်ပြည်သို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
ခုနစ်ခုမြောက် ကမ္မပထဝဂ် ပြီး၏။