အင်္ဂုတ္တရနိကာယ်

(၂၈) ၈-ရာဂပေယျာလ

၃၁-၅၁ဝ-ဒေါသအဘိညာဒိသုတ်

၃ဝ၄—၇၈၃။ ပြစ်မှားမှု’ဒေါသ’ ကို။ပ။ တွေဝေမှု ‘မောဟ’ ကို။ အမျက်ထွက်မှု’ကောဓ’ကို။ ရန်ငြိုးဖွဲ့မှု ‘ဥပနာဟ’ ကို။ ကျေးဇူးချေဖျက်မှု ‘မက္ခ’ ကို။ ဂုဏ်ပြိုင်မှု ‘ပဠာသ’ကို။ ငြူစူမှု ‘ဣဿာ’ကို။ ဝန်တိုမှု ‘မစ္ဆရိယ’ကို။ လှည့်ပတ်မှု ‘မာယာ’ကို။ စဉ်းလဲမှု ‘သာဌေယျ’ကို။ ခက်ထန်မှု ‘ထမ္ဘ’ကို။ ခြုတ်ခြယ်မှု ‘သာရ မ္ဘ’ ကို။ ထောင်လွှားမှု ‘မာန’ကို။ အလွန်ထောင်လွှားမှု ‘အတိမာန’ ကို။ မာန်ယစ်မှု ‘မဒ’ ကို။ မေ့လျော့မှု ‘ပမာဒ’ ကို ထူးသော ဉာဏ်ဖြင့် သိရန် ပိုင်းခြား၍ သိရန် ထက်ဝန်းကျင် ကုန်စေရန် ပယ်ရန် ကုန်ခန်းရန် ပျက်စေရန် ကင်းပြတ်စေရန် ချုပ်ငြိမ်းစေရန် စွန့်ရန် တစ်ဖန်စွန့်ရန် ဤတရားလေးမျိုးတို့ကို ပွါးအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒသုတ္တရ ပဉ္စသတိမသုတ်။

ရာဂပေယျာလ ပြီး၏။

စတုက္ကနိပါတ် ပြီး၏။