အင်္ဂုတ္တရနိကာယ်
(၆) ၁-နီဝရဏဝဂ်
၉-ပဌမ ဝုဎ္ဍပဗ္ဗဇိတသုတ်
၅၉။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော တောထွက်ရဟန်းကို ရခဲ၏။
အဘယ်တရားငါး မျိုးတို့နည်းဟူမူ —
ရဟန်းတို့ သိမ်မွေ့သော တောထွက်ရဟန်းကို ရခဲ၏။
ရဟန်းအသွင်အပြင်နှင့် ပြည့်စုံသော တောထွက်ရဟန်းကို ရခဲ၏။
အကြားအမြင်ဗဟုသုတနှင့် ပြည့်စုံသော တောထွက်ရဟန်းကို ရခဲ၏။
တရားဟောတတ်သော တောထွက်ရဟန်းကို ရခဲ၏။
ဝိနည်းဓိုရ် တောထွက်ရဟန်းကို ရခဲ၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော တောထွက်ရဟန်းကို ရခဲ၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။