အင်္ဂုတ္တရနိကာယ်
(၆) ၁-နီဝရဏဝဂ်
၁ဝ-ဒုတိယ ဝုဎ္ဍပဗ္ဗဇိတသုတ်
၆ဝ။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော တောထွက်ရဟန်းကို ရခဲ၏။
အဘယ်တရားငါးမျိုးတို့နည်းဟူမူ —
ရဟန်းတို့ ဆိုဆုံးမလွယ်သော တောထွက်ရဟန်းကို ရခဲ၏။
ကောင်းသော အယူကို ယူတတ်သော တောထွက်ရဟန်းကို ရခဲ၏။
ဆုံးမစကားကို အမြတ်တနိုးခံယူတတ်သော တောထွက်ရဟန်းကို ရခဲ၏။
တရားဟောတတ်သော တောထွက်ရဟန်းကို ရခဲ၏။
ဝိနည်းဓိုရ် တောထွက်ရဟန်းကို ရခဲ၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော တောထွက်ရဟန်းကို ရခဲ၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
ရှေးဦးစွာသော နီဝရဏဝဂ် ပြီး၏။