အင်္ဂုတ္တရနိကာယ်
၁၁-တိကဝဂ်
၂-ဒုစ္စရိတသုတ်
၁ဝ၈။ ရဟန်းတို့ တရားတို့သည် ဤသုံးမျိုးတို့တည်း။
အဘယ်သုံးမျိုးတို့နည်းဟူမူ—
ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက်တို့တည်း။
ရဟန်းတို့ တရားတို့သည် ဤသုံးမျိုးတို့တည်း။
ရဟန်းတို့ ဤသုံးမျိုးသော တရားတို့ကို ပယ်ရန် တရားသုံးမျိုးတို့ကို ပွါးများအပ်ကုန်၏။
အဘယ်သုံးမျိုးတို့နည်းဟူမူ—
ကာယဒုစရိုက်ကို ပယ်ရန် ကာယသုစရိုက်ကို ပွါးများအပ်၏။
ဝစီဒုစရိုက်ကို ပယ်ရန် ဝစီသုစရိုက်ကို ပွါးများအပ်၏။
မနောဒုစရိုက်ကို ပယ်ရန် မနောသုစရိုက်ကို ပွါးများအပ်၏။
ရဟန်းတို့ ဤသုံးမျိုးသော တရားတို့ကို ပယ်ရန် ဤတရားသုံးမျိုးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။