အင်္ဂုတ္တရနိကာယ်
၁-အာဟုနေယျဝဂ်
၉-အနုဿတိဋ္ဌာနသုတ်
၉။ ရဟန်းတို့ (စီးပွါးချမ်းသာ၏) အကြောင်းဖြစ်သော အဖန်ဖန် အောက်မေ့ခြင်း ‘အနုဿတိ’ တို့သည်ဤခြောက်မျိုးတို့တည်း။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ—
ဘုရားဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း။
တရားဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း။
သံဃာဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း။
သီလဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း။
စွန့်ကြဲ ပေးကမ်းခြင်း ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း။
နတ်တို့၏ သဒ္ဓါစသော ဂုဏ်နှင့် တူမျှသော မိမိ၏ သဒ္ဓါစသော ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်းတို့တည်း။
ရဟန်းတို့ (စီးပွါးချမ်းသာ၏) အကြောင်းဖြစ်သော အဖန်ဖန် အောက်မေ့ခြင်း တို့သည် ဤခြောက်မျိုးတို့ပင်တည်းဟု (မိန့်တော်မူ၏)။
နဝမသုတ်။