အင်္ဂုတ္တရနိကာယ်

၁-အာဟုနေယျဝဂ်

၈-အနုတ္တရိယသုတ်

၈။ ရဟန်းတို့ အမြတ်ဆုံးတရားတို့သည် ဤခြောက်မျိုးတို့တည်း။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ —

အမြတ်ဆုံး အမြင်။

အမြတ်ဆုံး အကြား။

အမြတ်ဆုံး လာဘ်။

အမြတ်ဆုံး သိက္ခာ။

အမြတ်ဆုံး လုပ်ကျွေးမှု။

အမြတ်ဆုံး အောက်မေ့မှု တို့တည်း။

ရဟန်းတို့ အမြတ်ဆုံးတရားတို့သည် ဤခြောက်မျိုးတို့တည်း။

အဋ္ဌမသုတ်။