အင်္ဂုတ္တရနိကာယ်
၁-ဓနဝဂ်
၁ဝ-မစ္ဆရိယသုတ်
၁ဝ။ ရဟန်းတို့ သံယောဇဉ်တို့သည် ဤခုနစ်မျိုးတို့တည်း။
အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —
အနုနယသံယောဇဉ်၊ ပဋိဃသံယောဇဉ်၊ ဒိဋ္ဌိသံယောဇဉ်၊ ဝိစိကိစ္ဆာသံယောဇဉ်၊ မာနသံယောဇဉ်၊ ဣဿာသံယောဇဉ်၊ မစ္ဆရိယသံယောဇဉ်တို့တည်း။
ရဟန်းတို့ သံယောဇဉ်တို့သည် ဤခုနစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
ရှေးဦးစွာသော ဓနဝဂ် ပြီး၏။