အင်္ဂုတ္တရနိကာယ်
၄-ဒေဝတာဝဂ်
၁ဝ-ဒုတိယ ဝသသုတ်
၄၁။ ရဟန်းတို့ တရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော သာရိပုတြာသည် စိတ်ကို မိမိအလို၌ ဖြစ်စေနိုင်၏၊ သာရိပုတြာသည်ကား စိတ်၏ အလိုဖြင့် မဖြစ်။
အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —
ရဟန်းတို့ ဤသာသနာတော်၌ သာရိပုတြာသည် သမာဓိ၌ လိမ္မာ၏၊ သမာဓိကို ဝင်စားမှု၌ လိမ္မာ၏၊ သမာဓိ၏ တည်မှု၌ လိမ္မာ၏၊ သမာဓိမှ ထမှု၌ လိမ္မာ၏၊ သမာဓိ၏ (ခိုင်ခံ့) ကောင်းမွန်မှု၌ လိမ္မာ၏၊ သမာဓိ၏ ကျက်စားရာ အာရုံ၌ လိမ္မာ၏၊ သမာဓိကို အာရုံသို့ ရှေးရှုဆောင်မှု၌ လိမ္မာ၏။
ရဟန်းတို့ ဤတရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော သာရိပုတြာသည် စိတ်ကို မိမိအလို၌ ဖြစ်စေနိုင်၏၊ သာရိပုတြာသည်ကား စိတ်၏ အလိုဖြင့် မဖြစ်ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။