အင်္ဂုတ္တရနိကာယ်
၁-ဓနဝဂ်
၈-သံယောဇနသုတ်
၈။ ရဟန်းတို့ နှောင်ကြိုး ‘သံယောဇဉ်’ တို့သည် ဤခုနစ်မျိုးတို့တည်း။
အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —
အနုနယ (ကာမရာဂ) သံယောဇဉ်၊ ပဋိဃသံယောဇဉ်၊ ဒိဋ္ဌိသံယောဇဉ်၊ ဝိစိကိစ္ဆာသံယောဇဉ်၊ မာနသံယောဇဉ်၊ ဘဝရာဂသံယောဇဉ်၊ အဝိဇ္ဇာသံယောဇဉ်တို့တည်း။
ရဟန်းတို့ နှောင်ကြိုး ‘သံယောဇဉ်’ တို့သည် ဤခုနစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။