အင်္ဂုတ္တရနိကာယ်
၈-ဝိနယဝဂ်
၁ဝ-အဓိကရဏသမထသုတ်
၈၄။ ရဟန်းတို့ ဖြစ်တိုင်း ဖြစ်တိုင်းကုန်သော အဓိကရုဏ်းတို့ကို ငြိမ်းအေးစေရန် အထူးသဖြင့်ငြိမ်းအေးစေရန် အဓိကရုဏ်းပြေငြိမ်းကြောင်း တရားတို့သည် ဤခုနစ်မျိုးတို့တည်း။
အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —
သမ္မုခါဝိနည်းကို ပေးအပ်၏၊ သတိဝိနည်းကို ပေးအပ်၏၊ အမူဠှဝိနည်းကို ပေးအပ်၏၊ ဝန်ခံသဖြင့်ပြုအပ်သော ကံကို ပေးအပ်၏၊ ယေဘုယျသိကကံကို ပေးအပ်၏၊ တဿပါပိယသိကကံကို ပေးအပ်၏၊ မြက်ဖြင့် ဖုံးလွှမ်းသကဲ့သို့သော ကံကို ပေးအပ်၏။
ရဟန်းတို့ ဖြစ်တိုင်း ဖြစ်တိုင်းကုန်သော အဓိကရုဏ်းတို့ကို ငြိမ်းအေးစေရန် အထူးသဖြင့်ငြိမ်းအေးစေရန် အဓိကရုဏ်းပြေငြိမ်းကြောင်းတရားတို့သည် ဤခုနစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
ရှစ်ခုမြောက် ဝိနယဝဂ် ပြီး၏။