အင်္ဂုတ္တရနိကာယ်
၉-သမဏဝဂ်
၈-အရဟာသုတ်
၉၂။ ရဟန်းတို့ တရားခုနစ်မျိုးတို့မှ ဝေးကွာသည်၏ အဖြစ်ကြောင့် အရဟာမည်၏။
အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —
ထင်ရှားရှိသော ခန္ဓာငါးပါး၌ အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ မှ ဝေးကွာ၏။
မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ မှ ဝေးကွာ၏။
ခွေး နွား စသည်တို့၏ အလေ့အကျင့်ကို အမှန်ဟု မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ’ မှဝေးကွာ၏။
စွဲမက်မှု ‘ရာဂ’ မှ ဝေးကွာ၏။
အမျက်ထွက်မှု ‘ဒေါသ’ မှ ဝေးကွာ၏။
တွေဝေမှု ‘မောဟ’ မှ ဝေးကွာ၏။
ထောင်လွှားမှု ‘မာန’ မှ ဝေးကွာ၏။
ရဟန်းတို့ ဤတရားခုနစ်မျိုးတို့ မှ ဝေးကွာသည်၏ အဖြစ်ကြောင့် အရဟာမည်၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။