အင်္ဂုတ္တရနိကာယ်
၉-သမဏဝဂ်
၉-အသဒ္ဓမ္မသုတ်
၉၃။ ရဟန်းတို့ သူယုတ်မာတို့၏ တရားတို့သည် ဤခုနစ်မျိုးတို့တည်း။
အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —
ယုံကြည်မှု ‘သဒ္ဓါတရား’ မရှိ၊ အရှက်မရှိ၊ မထိတ်လန့်တတ်၊ အကြားအမြင် နည်းပါး၏၊ ပျင်းရိ၏၊ သတိလွတ်ကင်း၏၊ ပညာမဲ့၏။
ရဟန်းတို့ သူယုတ်မာတို့၏ တရားတို့သည် ဤခုနစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။
နဝမသုတ်။