သံယုတ္တနိကာယ်—၁၄
၄—စတုတ္ထဝဂ်
၁—စတုဓာတုသုတ်
၁၁၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ ဓာတ်တို့သည် ဤလေးပါးတို့တည်း၊ အဘယ် လေးပါးတို့နည်းဟူမူ— ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်တို့တည်း။ ရဟန်းတို့ ဓာတ်တို့သည် ဤလေးပါးတို့တည်းဟု (မိန့်တော်မူ၏)။
ပဌမသုတ်