သံယုတ္တနိကာယ်—၁၄
၄—စတုတ္ထဝဂ်
၉—ဒုတိယ သမဏဗြာဟ္မဏသုတ်
၁၂၂။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ ဓာတ်တို့သည် ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ် ဤလေးမျိုးတို့တည်း။ ရဟန်းတို့ ဤဓာတ်လေးမျိုးတို့၏ ဖြစ်ကြောင်းကိုလည်းကောင်း၊ ချုပ်ကြောင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ကြောင်းကိုလည်းကောင်းဟုတ်မှန်သောအတိုင်း မသိကုန်သော သမဏဗြာဟ္မဏတို့ကို။ပ။ [အကျယ်ချဲ့အပ်၏။] သိကုန်၏။ပ။ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရကုန်၏ဟု (ဟောတော်မူ၏)။
နဝမသုတ်။