သံယုတ္တနိကာယ်—၁၇
၃—တတိယဝဂ်
၂—ကလျာဏီသုတ်
၁၇၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။ ရဟန်းတို့ ဇနပုဒ်၌ ကောင်းခြင်းငါးရပ် ပြည့်စုံလတ်သည့် မိန်မမြတ် တစ်ယောက်သည် ထိုရဟန်းတစ်ပါး၏ စိတ်ကို သိမ်းကျုံး ဆွဲငင်၍ မတည်နိုင်သော်လည်း လာဘ်ပူဇော်သကာ အကျော်အစောသည် ယင်း ရဟန်း၏ စိတ်ကို သိမ်းကျုံး ဆွဲငင်၍ တည်နိုင်၏၊ ရဟန်းတို့ ဤသို့လျှင် လာဘ်ပူဇော်သကာ အကျော် အစောသည် ခက်ထန်၏။ပ။ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (ဟောတော်မူ၏)။
ဒုတိယသုတ်။