သံယုတ္တနိကာယ်—၁၇

၃—တတိယဝဂ်

၁—မာတုဂါမသုတ်

၁၇ဝ။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။ ရဟန်းတို့ မာတုဂါမတစ်ယောက်သည် ထိုရဟန်းတစ်ပါး၏ စိတ်ကို သိမ်းကျုံး ဆွဲငင်၍ မတည်နိုင်သော်လည်း လာဘ်ပူဇော်သကာ အကျော်အစောသည် ယင်းရဟန်း၏ စိတ်ကို သိမ်းကျုံး ဆွဲငင်၍ တည်နိုင်၏၊ ရဟန်းတို့ ဤသို့လျှင် လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (ဟောတော်မူ၏)။

ပဌမသုတ်။