သံယုတ္တနိကာယ်—၁၉
၂—ဒုတိယဝဂ်
၃—နိစ္ဆဝိတ္ထိသုတ်
၂၁၄။ ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားသော အရေ မရှိသော မိန်းမပြိတ္တာကို မြင်ရ၏၊ ထိုပြိတ္တာမကို လင်းတ , ကျီးငှက် , စွန်ရဲတို့သည် လိုက်၍ လိုက်၍ ထိုး ဆိတ်ကုန်၏၊ ထိုပြိတ္တာမသည် နာကျင်သောအသံကို ပြု၏။ပ။ ရဟန်းတို့ ထိုပြိတ္တာမသည် ဤရာဇဂြိုဟ် ပြည်၌ပင် လင်ကို လွန်ကျူး၍ ကျင့်သော မိန်းမ ဖြစ်ခဲ့ဖူးပြီ။ပ။
တတိယသုတ်။