သံယုတ္တနိကာယ်—၁၉
၂—ဒုတိယဝဂ်
၄—မင်္ဂုလိတ္ထိသုတ်
၂၁၅။ ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားသော အနံ့ မကောင်းသော အရုပ်ဆိုးသော ပြိတ္တာမကို မြင်ရ၏၊ ထိုပြိတ္တာမကို လင်းတ , ကျီးငှက် , စွန်ရဲတို့သည် လိုက်၍ လိုက်၍ ထိုးဆိတ်ကုန်၏၊ ထိုပြိတ္တာမသည် နာကျင်သော အသံကို ပြု၏။ပ။ ရဟန်းတို့ ထိုပြိတ္တာမ သည် ဤရာဇဂြိုဟ်ပြည်၌ပင် နတ်ဝင်သည်မ ဖြစ်ခဲ့ဖူးပြီ။ပ။
စတုတ္ထသုတ်။