သံယုတ္တနိကာယ်—၁၉

၂—ဒုတိယဝဂ်

၅—သြကိလိနီသုတ်

၂၁၆။ ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားသော ထက်ဝန်း ကျင် မီးခဲ တဖွားဖွား ကျ၍ မီးကျီးပုံ၌ လူးလိမ့်ခံနေရသော မီးလောင်ဖုတို့မှ အရည် တစ်စက်စက် ယိုထွက်နေသော ပြိတ္တာမကို မြင်ရ၏၊ ထိုပြိတ္တာမသည် နာကျင်သော အသံကို ပြု၏။ပ။ ရဟန်းတို့ ထိုပြိတ္တာမသည် ကလိင်္ဂမင်း၏ မိဖုရားခေါင်ကြီး ဖြစ်ခဲ့ဖူး၏၊ ထိုမိဖုရားခေါင်ကြီးသည် ငြူစူခြင်းဖြင့် နှိပ်စက် အပ်ရကား လင်တူမိန်းမကို မီးကျီးအိုးကင်းဖြင့် လောင်းခဲ့ဖူးပြီ။ပ။

ပဉ္စမသုတ်။