သံယုတ္တနိကာယ်—၁၉
၁—ပဌမဝဂ်
၂—ပေသိသုတ်
၂ဝ၃။ ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားသော အသားတစ် ပြိတ္တာကို မြင်ရ၏၊ ထိုပြိတ္တာကို လင်းတ ,ကျီးငှက် ,စွန်ရဲတို့သည် လိုက်၍ လိုက်၍ ထိုးဆိတ်ကုန်၏၊ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ပ။ ရဟန်းတို့ ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် နွားသတ်သမား ဖြစ်ခဲ့ဖူးပြီ။ပ။
ဒုတိယသုတ်။