သံယုတ္တနိကာယ်—၁၉
၁—ပဌမဝဂ်
၄—နိစ္ဆဝိသုတ်
၂ဝ၅။ ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားသော အရေ မရှိသော ယောကျာ်းပြိတ္တာကို မြင်ရ၏၊ ထိုပြိတ္တာကို လင်းတ , ကျီးငှက် , စွန်ရဲတို့သည် လိုက်၍ လိုက်၍ ထိုးဆိတ်ကုန်၏၊ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ပ။ ရဟန်းတို့ ထိုသတ္တဝါသည် ဤရာဇဂြိုဟ် ပြည်၌ပင် ဆိတ်သတ်သမား ဖြစ်ခဲ့ဖူးပြီ။ပ။
စတုတ္ထသုတ်။