သံယုတ္တနိကာယ်—၁၉
၁—ပဌမဝဂ်
၅—အသိလောမသုတ်
၂ဝ၆။ ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားသော သန်လျက် အမွေး ပေါက်သော ယောကျာ်းပြိတ္တာကို မြင်ရ၏၊ ထိုပြိတ္တာ၏ ထိုသန်လျက်အမွေးတို့သည် ပျံတက်၍ ထိုပြိတ္တာ၏ ကိုယ်၌ပင် ကျရောက်ကုန်၏၊ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ပ။ ရဟန်းတို့ ထိုသတ္တဝါသည် ဤရာဇဂြိုဟ် ပြည်၌ပင် ဝက်သတ်သမား ဖြစ်ခဲ့ဖူးပြီ။ပ။
ပဉ္စမသုတ်။