သံယုတ္တနိကာယ်—၂၂

(၁၁) ၁—အန္တဝဂ်

၇—သောတာပန္နသုတ်

၁ဝ၉။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဥပါဒါနက္ခန္ဓာတို့သည် ငါးမျိုးတို့တည်း၊ အဘယ်ငါးမျိုးတို့နည်းဟူမူ— ရုပ်ဟူသော ဥပါဒါနက္ခန္ဓာ။ပ။ ဝိညာဏ်ဟူသော ဥပါဒါနက္ခန္ဓာတို့တည်း။ ရဟန်းတို့ ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့၏ ဖြစ်ပေါ်ခြင်းကိုလည်းကောင်း၊ ကွယ်ပျောက်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်း ကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိသောကြောင့် ဤ အရိယာတပည့်ကို ဖရိုဖရဲ ကျခြင်းသဘော မရှိသော ကိန်းသေမြဲသော အထက်မဂ်လျှင် လဲလျောင်းရာ ရှိသော သောတာပန်ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။