သံယုတ္တနိကာယ်—၂၂
(၁၄) ၄—ကုက္ကုဠဝဂ်
၇—တတိယ ဒုက္ခသုတ်
၁၄၂။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဆင်းရဲသော ဒုက္ခတရား၌ သင်တို့သည် လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို ပယ်ရမည်။ပ။ ရဟန်းတို့ သင်တို့သည် ဆင်းရဲသော ဒုက္ခတရား၌ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ ကိုပယ်ရမည်ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။