သံယုတ္တနိကာယ်—၂၃

၁—ပဌမဝဂ်

၆—ဒုတိယ သမဏသုတ်

၁၆၅။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော အသျှင်ရာဓအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ — ရာဓ ဥပါဒါနက္ခန္ဓာတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း၊ ့ရုပ်ဟူသော ဥပါဒါနက္ခန္ဓာ။ပ။ ဝိညာဏ်ဟူသော ဥပါဒါနက္ခန္ဓာတို့တည်း။

ရာဓ အချို့သော သမဏဗြာဟ္မဏတို့သည် ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့၏ ဖြစ်ပေါ်ခြင်းကိုလည်း ကောင်း၊ ချုပ်ခြင်းကိုလည်းကောင်၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိကြကုန်။ပ။ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုကာရောက်၍ နေကြရကုန်၏ဟု မိန့်တော်မူ၏။

ဆဋ္ဌသုတ်။