သံယုတ္တနိကာယ်—၂၄
၁—သောတာပတ္တိဝဂ်
၁၅—ဟောတိ တထာဂတောသုတ်
၂၂ဝ။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အဘယ်တရားရှိလျှင် အဘယ်တရားကို အစွဲပြု၍ အဘယ်တရားကို အမှားနှလုံးသွင်း၍ “သတ္တဝါသည် သေပြီးသည်မှ နောက်၌ ဖြစ်၏ “ဟူသော အယူသည် ဖြစ်သနည်း။ အသျှင်ဘုရား တပည့်တော်တို့အား တရားတို့သည် မြတ်စွာဘုရားသာ အရင်းခံ ရှိပါကုန်၏။ပ။ ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန် ဖြစ်၏ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
ပန္နရသမသုတ်။