သံယုတ္တနိကာယ်—၃၅
(၁၇) ၂—သဋ္ဌိပေယျာလဝဂ်
၂—အဇ္ဈတ္တအနိစ္စရာဂသုတ်
၁၆၉။ ရဟန်းတို့ အကြင်တရားသည် မမြဲ၊ ထိုမမြဲသော တရား၌ သင်တို့သည် စွဲမက်မှု ‘ရာဂ’ကိုပယ်ရမည်။ ရဟန်းတို့ အဘယ်တရားသည် မမြဲသနည်း။
ရဟန်းတို့ မျက်စိသည် မမြဲ၊ ထိုမမြဲသော မျက်စိ၌ သင်တို့သည် စွဲမက်မှု ‘ရာဂ’ကို ပယ်ရမည်။ပ။ လျှာသည် မမြဲ၊ ထိုမမြဲသော လျှာ၌ သင်တို့သည် စွဲမက်မှု ‘ရာဂ’ကို ပယ်ရမည်။ပ။ စိတ်သည် မမြဲ၊ ထိုမမြဲသော စိတ်၌ သင်တို့သည် စွဲမက်မှု ‘ရာဂ’ကို ပယ်ရမည်။
ရဟန်းတို့ အကြင်တရားသည် မမြဲ၊ ထိုမမြဲသော တရား၌ သင်တို့သည် စွဲမက်မှု ‘ရာဂ’ ကို ပယ်ရမည်ဟု (မိန့်တော်မူ၏)။