သံယုတ္တနိကာယ်—၃၅
(၁၇) ၂—သဋ္ဌိပေယျာလဝဂ်
၁၃—၁၅—ဗာဟိရဒုက္ခဆန္ဒာဒိသုတ်
၁၈ဝ—၁၈၂။ ရဟန်းတို့ အကြင်တရားသည် ဆင်းရဲ၏၊ ထိုဆင်းရဲသော တရား၌ သင်တို့သည်လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်၊ စွဲမက်မှု ‘ရာဂ’ကို ပယ်ရမည်၊ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို ပယ်ရမည်။
ရဟန်းတို့ အဘယ်တရားသည် ဆင်းရဲသနည်း။ ရဟန်းတို့ အဆင်းတို့သည် ဆင်းရဲကုန်၏၊ ထိုဆင်းရဲသော အဆင်းတို့၌ သင်တို့သည် လိုချင်မှု’ဆန္ဒ’ကို ပယ်ရမည်၊ စွဲမက်မှု’ရာဂ’ကို ပယ်ရမည်၊ လိုချင်စွဲမက်မှု’ဆန္ဒရာဂ’ကို ပယ်ရမည်။ အသံတို့သည်။ အနံ့တို့သည်။ အရသာတို့သည်။ အတွေ့အထိတို့သည်။ သဘောတရားတို့သည် ဆင်းရဲကုန်၏၊ ထိုဆင်းရဲသော သဘောတရားတို့၌ သင်တို့သည့်လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။ စွဲမက်မှု ‘ရာဂ’ကို ပယ်ရမည်။ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို ပယ်ရမည်။
ရဟန်းတို့ အကြင်တရားသည် ဆင်းရဲ၏၊ ထိုဆင်းရဲသော တရား၌ သင်တို့သည် လိုချင်မှု ‘ဆန္ဒ’ကိုပယ်ရမည်၊ စွဲမက်မှု ‘ရာဂ’ကို ပယ်ရမည်၊ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို ပယ်ရမည်ဟု (မိန့်တော်မူ၏)။