သံယုတ္တနိကာယ်—၃၅

(၁၇) ၂—သဋ္ဌိပေယျာလဝဂ်

၂ဝ—အဇ္ဈတ္တာနာဂတာနိစ္စသုတ်

၁၈၇။ ရဟန်းတို့ အနာဂတ်ဖြစ်သော မျက်စိသည် မမြဲ။ပ။ အနာဂတ်ဖြစ်သော လျှာသည် မမြဲ။ပ။ အနာဂတ် ဖြစ်သော စိတ်သည် မမြဲ။ ရဟန်းတို့ ဤသို့ မြင်သော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ “ဟု သိ၏ဟု (မိန့်တော်မူ၏)။