သံယုတ္တနိကာယ်—၃၅

(၁၇) ၂—သဋ္ဌိပေယျာလဝဂ်

၂၂—၂၄—အဇ္ဈတ္တာတီတာဒိဒုက္ခသုတ်

၁၈၉—၁၉၁။ ရဟန်းတို့ အတိတ်ဖြစ်သော မျက်စိသည် ဆင်းရဲတည်း။ အနာဂတ်ဖြစ်သော။ ပစ္စုပ္ပန့်ဖြစ်သော။ပ။ အတိတ်ဖြစ်သော လျှာသည် ဆင်းရဲတည်း။ အနာဂတ်ဖြစ်သော။ ပစ္စုပ္ပန်ဖြစ်သော။ပ။ အတိတ်ဖြစ်သော စိတ်သည် ဆင်းရဲတည်း။ အနာဂတ်ဖြစ်သော။ ပစ္စုပ္ပန်ဖြစ်သော။ ရဟန်းတို့ ဤသို့မြင်သော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။