သံယုတ္တနိကာယ်—၃၅
(၁၇) ၂—သဋ္ဌိပေယျာလဝဂ်
၂၅—၂၇—အဇ္ဈတ္တာတီတာဒိအနတ္တသုတ်
၁၉၂—၁၉၄။ ရဟန်းတို့ အတိတ်ဖြစ်သော မျက်စိသည် အတ္တ မဟုတ်။ အနာဂတ်ဖြစ်သော။ ပစ္စုပ္ပန်ဖြစ်သော။ပ။ အတိတ်ဖြစ်သော လျှာသည် အတ္တ မဟုတ်။ပ။ အတိတ်ဖြစ်သော စိတ်သည် အတ္တ မဟုတ်။ အနာဂတ်ဖြစ်သော။ ပစ္စုပ္ပန်ဖြစ်သော။ ရဟန်းတို့ ဤသို့ မြင်သော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။