သံယုတ္တနိကာယ်—၃၅
(၁၇) ၂—သဋ္ဌိပေယျာလဝဂ်
၃၁—၃၃—ဗာဟိရာတီတာဒိဒုက္ခသုတ်
၁၉၈—၂ဝဝ။ ရဟန်းတို့ အတိတ်ဖြစ်သော အဆင်းတို့သည် မမြဲကုန်။ အနာဂတ်ဖြစ်သော။ ပစ္စုပ္ပန်ဖြစ်သော။ အသံတို့သည်။ အနံ့တို့သည်။ အရသာတို့သည်။ အတွေ့အထိတို့သည်။ အတိတ်ဖြစ်သောသဘောတရားတို့သည် ဆင်းရဲကုန်၏။ အနာဂတ်ဖြစ်သော။ ပစ္စုပ္ပန်ဖြစ်သော။ ဤသို့ မြင်သော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။