သံယုတ္တနိကာယ်—၃၅

(၁၇) ၂—သဋ္ဌိပေယျာလဝဂ်

၂၈—၃ဝ—ဗာဟိရာတီတာဒိအနိစ္စသုတ်

၁၉၅—၁၉၇။ ရဟန်းတို့ အတိတ်ဖြစ်သော အဆင်းတို့သည် မမြဲကုန်။ အနာဂတ်ဖြစ်သော။ ပစ္စုပ္ပန်ဖြစ်သော။ အသံတို့သည်။ အနံ့တို့သည်။ အရသာတို့သည်။ အတွေ့အထိတို့သည်။ အတိတ်ဖြစ်သောသဘောတရားတို့သည် မမြဲကုန်။ အနာဂတ်ဖြစ်သော။ ပစ္စုပ္ပန်ဖြစ်သော။ ဤသို့မြင်သော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။