သံယုတ္တနိကာယ်—၃၅

(၁၇) ၂—သဋ္ဌိပေယျာလဝဂ်

၄ဝ—၄၂—အဇ္ဈတ္တာတီတာဒိယံဒုက္ခသုတ်

၂ဝ၇—၂ဝ၉။ ရဟန်းတို့ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော မျက်စိသည် ဆင်းရဲ၏၊ ထိုဆင်းရဲ သောမျက်စိသည် အတ္တ မဟုတ်၊ ထိုအတ္တမဟုတ်သော မျက်စိကို “ ဤမျက်စိသည် ငါ၏ ဥစ္စာ မဟုတ်၊ ဤမျက်စိသည် ငါ မဟုတ်၊ ဤမျက်စိသည် ငါ၏ အတ္တ မဟုတ်”ဟု ဤသို့ ထိုမျက်စိကိုဟုတ်တိုင်းမှန်စွာမှန်ကန်သော ပညာဖြင့် ရှုရမည်။ပ။ လျှာသည် ဆင်းရဲ၏။ပ။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော စိတ်သည် ဆင်းရဲ၏၊ ထိုဆင်းရဲသောစိတ်သည် အတ္တ မဟုတ်၊ အတ္တမဟုတ်သော စိတ်ကို “ ဤစိတ်သည် ငါ၏ ဥစ္စာ မဟုတ်၊ ဤစိတ်သည်ငါ မဟုတ်၊ ဤစိတ်သည် ငါ၏ အတ္တ မဟုတ်”ဟု ဤသို့ ထိုစိတ်ကိုဟုတ်တိုင်းမှန်စွာ မှန်ကန်သောပညာဖြင့် ရှုရမည်။ပ။ ဤသို့ မြင်သော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီဟုသိ၏ဟု (မိန့်တော်မူ၏)။