သံယုတ္တနိကာယ်—၃၅

(၁၇) ၂—သဋ္ဌိပေယျာလဝဂ်

၄၃—၄၅—အဇ္ဈတ္တာတီတာဒိယဒနတ္တသုတ်

၂၁ဝ—၂၁၂။ ရဟန်းတို့ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော မျက်စိသည် အတ္တ မဟုတ်၊ အတ္တမဟုတ်သော ထိုမျက်စိကို “ ဤမျက်စိသည် ငါ၏ ဥစ္စာ မဟုတ်၊ ဤမျက်စိသည် ငါ မဟုတ်၊ ဤမျက်စိသည် ငါ၏ အတ္တ မဟုတ်”ဟု ဤသို့ ထိုမျက်စိကိုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ပ။

လျှာသည် အတ္တ မဟုတ်။ပ။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော စိတ်သည် အတ္တ မဟုတ်၊ အတ္တမဟုတ်သော ထိုစိတ်ကို “ ဤစိတ်သည် ငါ၏ ဥစ္စာ မဟုတ်၊ ဤစိတ်သည် ငါ မဟုတ်၊ ဤစိတ်သည်ငါ၏ အတ္တ မဟုတ်”ဟု ဤသို့ ထိုစိတ်ကိုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ပ။ ဤသို့မြင် သော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။