သံယုတ္တနိကာယ်—၃၅

(၁၇) ၂—သဋ္ဌိပေယျာလဝဂ်

၅၉—ဗာဟိရာယတနဒုက္ခသုတ်

၂၂၆။ ရဟန်းတို့ အဆင်းတို့သည် ဆင်းရဲ ဖြစ်ကုန်၏။ အသံတို့သည်။ အနံ့တို့သည်။ အရသာတို့သည်။ အတွေ့အထိတို့သည်။ သဘောတရားတို့သည် ဆင်းရဲ ဖြစ်ကုန်၏။ ဤသို့ မြင်သော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။