သံယုတ္တနိကာယ်—၃၅
(၁၇) ၂—သဋ္ဌိပေယျာလဝဂ်
၆ဝ—ဗာဟိရာယတနအနတ္တသုတ်
၂၂၇။ ရဟန်းတို့ အဆင်းတို့သည် အတ္တ မဟုတ်ကုန်။ အသံတို့သည်။ အနံ့တို့သည်။ အရသာတို့သည်။ အတွေ့အထိတို့သည်။ သဘောတရားတို့သည် အတ္တ မဟုတ်ကုန်။ ဤသို့ မြင်သော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။
သဋ္ဌိပေယျာလဝဂ် ပြီး၏။