သံယုတ္တနိကာယ်—၃၅
(၆) ၁—အဝိဇ္ဇာဝဂ်
၇—အနုသယသမုဂ္ဓါတသုတ်
၅၉။ အဘယ်သို့။ပ။ အနုသယတရားတို့သည် ပယ်ခွါခြင်းသို့ ရောက်ပါကုန်သနည်း။ ရဟန်း မျက်စိကိုကိုယ် ‘အတ္တ’ မဟုတ်ဟု သိသူ မြင်သူအား အနုသယတရားတို့သည် ပယ်ခွါခြင်းသို့ ရောက်ကုန်၏။ နားကို။ နှာခေါင်းကို။ လျှာကို။ကိုယ်ကို။ စိတ်ကို။ သဘောတရားတို့ကို။ မနောဝိညာဏ်ကို။ မနောသမ္ဖဿကို။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုကိုယ်’အတ္တ’ မဟုတ်ဟု သိသူ မြင်သူအား အနုသယတရားတို့သည် ပယ်ခွါခြင်းသို့ ရောက်ကုန်၏။ ရဟန်း ဤသို့ သိသူ ဤသို့ မြင်သူအား အနုသယတရားတို့သည် ပယ်ခွါခြင်းသို့ ရောက်ကုန်၏ဟု့ (မိန့်တော် မူ၏)။
သတ္တမသုတ်။