သံယုတ္တနိကာယ်—၄၅
၂—ဒုတိယ ဂင်္ဂ ါပေယျာလဝဂ်
၂—၆—ဒုတိယာဒိ ပါစီနနိန္နသုတ် ၅—သုတ်
၁ဝ၄—၁ဝ၈။ ရဟန်းတို့ ယမုနာမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင်ရဟန်းသည်။ပ။ ရဟန်းတို့ အစိရဝတီမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင်ရဟန်းသည်။ပ။ ရဟန်းတို့ သရဘူမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင်ရဟန်းသည်။ပ။ ရဟန်းတို့ မဟီမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင် ရဟန်းသည်။ပ။ ရဟန်းတို့ ဂင်္ဂါ ယမုနာ အစိရဝတီ သရဘူ မဟီဟူသော ဤမြစ်ကြီးအားလုံးတို့သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင် ရဟန်းသည်။ပ။
ဆဋ္ဌသုတ်။