သံယုတ္တနိကာယ်—၄၅

၂—ဒုတိယ ဂင်္ဂ ါပေယျာလဝဂ်

၁—ပဌမ ပါစီနနိန္နသုတ်

၁ဝ၃။ ရဟန်းတို့ ဂင်္ဂါမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင် အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း၏။

ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်း သည်အဘယ်သို့လျှင် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင်အဆုံး ရှိသော တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွား များ၏။ပ။ စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်း လျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင်အဆုံးရှိသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင်အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။