သံယုတ္တနိကာယ်—၄၅

၇—ဧသနာဝဂ်

၈—နီဃသုတ်

၁၆၈။ ရဟန်းတို့ ညှဉ်းဆဲတတ်သော ‘နီဃ’တရားတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ ရာဂဟူသော ညှဉ်းဆဲတတ်သော တရား၊ ဒေါသဟူသော ညှဉ်းဆဲတတ်သော တရား၊ မောဟဟူသော ညှဉ်းဆဲတတ်သော တရားတို့တည်း။ ရဟန်းတို့ ညှဉ်းဆဲတတ်သော ‘နီဃ’တရားတို့သည် ဤသုံးပါးတို့တည်း။ ရဟန်းတို့ ဤညှဉ်းဆဲတတ်သော ‘နီဃ’တရားသုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုပွါးများအပ် ၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။