သံယုတ္တနိကာယ်—၄၅
၇—ဧသနာဝဂ်
၉—ဝေဒနာသုတ်
၁၆၉။ ရဟန်းတို့ ခံစားမှု ‘ဝေဒနာ’တို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ သုခ ဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာတို့တည်း။ ရဟန်းတို့ ဝေဒနာတို့သည် ဤသုံးပါးတို့တည်း။ ရဟန်းတို့ဤဝေဒနာသုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါပယ်ခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။