သံယုတ္တနိကာယ်—၄၅
၆—သူရိယပေယျာလဝဂ်
၂—၆—သီလသမ္ပဒါ စသော ၅—သုတ်
၅ဝ—၅၄။ ရဟန်းတို့ အရုဏ်တက်ခြင်းသည် နေထွက်ပေါ်လာခြင်း၏ ရှေ့သွားဖြစ်သကဲ့သို့ ပုဗ္ဗနိမိတ်ဖြစ်သကဲ့သို့ ရဟန်းအား စတုပါရိသုဒ္ဓိသီလနှင့် ပြည့်စုံခြင်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်တရားဖြစ်ပေါ်ရန် ရှေ့သွား ဖြစ်၏၊ ပုဗ္ဗနိမိတ် ဖြစ်၏။ ရဟန်းတို့ စတုပါရိသုဒ္ဓိသီလနှင့် ပြည့်စုံသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများလတ္တံ့၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာပြုလုပ်လတ္တံ့ဟု မျှော်လင့်အပ်၏။ပ။ ကုသိုလ်ကောင်းမှုကို ပြုလိုမှု ‘ဆန္ဒ’နှင့် ပြည့်စုံခြင်းသည်။ပ။ ပြည့်စုံသော စိတ်ရှိခြင်းသည်။ပ။ ဉာဏ်အမြင်နှင့် ပြည့်စုံခြင်းသည်။ပ။ မမေ့လျော့မှု ‘အပ္ပမာဒ’တရားနှင့် ပြည့်စုံခြင်းသည်။ပ။
ဆဋ္ဌသုတ်။