သံယုတ္တနိကာယ်—၄၅

၈—ဒုတိယ ဧကဓမ္မပေယျာလဝဂ်

၂—၆—သီလသမ္ပဒါ စသော ၅—သုတ်

၈၅—၈၉။ ရဟန်းတို့ မဖြစ်ပေါ်သေးသောအင်္ဂါရှစ်ပါးရှိသောအရိယမဂ် ဖြစ်ပေါ်ရန် ဖြစ်ပေါ်ပြီး သောအင်္ဂါရှစ်ပါးရှိသောအရိယမဂ် ပွားများပြည့်စုံခြင်းသို့ ရောက်ရန် သီလနှင့် ပြည့်စုံခြင်းမှ တစ်ပါး အခြားတစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ပ။ ရဟန်းတို့ ကုသိုလ်ကောင်းမှုကို ပြုလုပ်လိုမှု ‘ဆန္ဒ’နှင့် ပြည့်စုံခြင်းမှ တစ်ပါး။ပ။ ရဟန်းတို့ ပြည့်စုံသော စိတ်ရှိခြင်းမှ တစ်ပါး။ပ။ ရဟန်းတို့ဉာဏ်အမြင်နှင့် ပြည့်စုံုံခြင်းမှ တစ်ပါး။ပ။ ရဟန်းတို့ မမေ့လျော့မှု ‘အပ္ပမာဒ’ တရားနှင့် ပြည့်စုံခြင်းမှ တစ်ပါး။ပ။

ဆဋ္ဌသုတ်။