သံယုတ္တနိကာယ်—၄၈

၆—သူကရခတဝဂ်

၁ဝ—ဒုတိယ ဥပ္ပါဒသုတ်

၅၃ဝ။ ရဟန်းတို့ မြတ်စွာဘုရား၏ အဆုံးအမ ‘သာသနာ’ ၌သာ မဖြစ်ပေါ်ဖူးသေးကုန်သော ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော ဤဣန္ဒြေငါးပါးတို့သည် ဖြစ်ပေါ်ကုန်၏။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေတို့တည်း။ ရဟန်းတို့ မြတ်စွာဘုရား၏ အဆုံး့အမ ‘သာသနာ’ ၌သာ မဖြစ်ပေါ်ဖူးသေးကုန်သော ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော ဤဣန္ဒြေငါးပါးတို့သည် ဖြစ်ပေါ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ခြောက်ခုမြောက် သူကရခတဝဂ် ပြီး၏။