သံယုတ္တနိကာယ်—၄၈

၇—ဗောဓိပက္ခိယဝဂ်

၃—ပရိညာသုတ်

၅၃၃။ ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော်ရှည်လျားသော ‘သံသရာ’ခရီးကို ပိုင်းခြား၍ သိခြင်းအကျိုးငှါ ဖြစ်ကုန်၏။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ။ပ။ ပညိန္ဒြေတို့တည်း။ ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် ရှည်လျားသော ‘သံသရာ’ခရီးကို ပိုင်းခြား၍ သိခြင်းအကျိုးငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။